Friday, August 3, 2007

အမှတ်(၂)စာမြည်း

တနလာင်္နေ့တွင် ထွက်ရှိလာမည့် MDY007 ဂျာနယ်အမှတ်(၂)တွင် အခန်းကဏ္ဍ ပေါင်းစုံလင်စွာဖြင့် ရေးသား ထုတ်ဝေရန် အစာအငတ်ခံ (ပိုက်ဆံမရှိသဖြင့်)၊ မအိပ်မနေ (မအိပ်ပဲမနေဟု ဆိုလိုခြင်းဖြစ်သည်) ကြိုးပမ်းဆောင် ရွက်လျှက်ရှိရာ MDY007 အား များစွာ မျှော်လင့်နေသော ပရိတ်သတ် ကြီးအတွက် အထူး ၀ထ္ထုတို ကဏ္ဍမှ ၀၀၇ နှင့် ဘလာဂေါ်ဂိုဏ်း အရှုပ်တော်ပုံ ခေါင်းစဉ်ဖြင့် ရေးသားထားသည့် အနက်မှ အချို့အား စာမြည်းသဘောဖြင့် ချပြလိုက်ရပါသည် -
မြန်မာသက္ကရာဇ် ၅၂၈ ခုနှစ် ဘာညာနသီပြည်တွင် ဟက်ဟက်ကွဲမင်း အုပ်စိုးရာကာလ - တစ်နေ၌ ကျွန်ပ် ၀၀၇ ဦးဖမ်းချိုး သည် ကြီးမြတ်လှစွာသော အတွင်းဝန်မင်းနှင့်တကွ ညီလာခံတော် တက်ရောက်ရန် အလို့ငှာ အိပ်ယာမှ စောစီးစွာ နိုးထခဲ့ချေသည်။ လွန်စွာမှ ခန့်ညားလှစွာသော ကျွန်ပ်သည် အတွင်းတော် ၀င်ရမည် ဖြစ်သဖြင့် ကျွန်ပ်၏ ခန့်ညားမှုကြောင့် အခြားသူများ မှေးမှိန်စေခြင်း မရှိစေရန် အနည်းငယ် လျှော့ချ၍ ပြင်ဆင်ကာ အိမ်ရှေ့သို့ ထွက်လာခဲ့ပေသည်။ အိမ်ရှေ့တွင် လွန်စွာမှ တောက်ပြောင်လှပသော ဒိုကြီးပေါ်သို့ ခန့်ခန့်ညားညား လွှားကနဲ ခုန်အတက်တွင် အရပ် အနည်းငယ် ပုသည် ဖြစ်ရကား။ အယူအဆ လွဲသဖြင့် “ဘုန်း”ဟူသော မြည်သံကြီးနှင့်အတူ ခွေးကျ ကျရလေ၏ “ကိန်”။။။

အားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့

No comments: